မွေးကင်းစ ကလေးတွေဟာ အခုမှအသံစကြားမှာမို့သူတို့အတွက်ပါတ်ဝန်းကျင်က အသံအားလုံး အရေးကြီးပါတယ်။ ကလေးတပ်ဆင့်မယ့်နားကြားကိရိယာဟာ ပါတ်ဝန်းကျင်က အသံအားလုံးကို မြှင့်ပေးနိုင်မယ့် ကြားနိုင်မယ့်ကိရိယာကောင်း ဖြစ်ရပါမယ်။ပြီးတော့ဆူညံတဲ့ပါတ်ဝန်းကျင်မှာလည်း စကားပြောသံ ကြည်ကြည်လင်လင် ကြားနိုင်အောင်ပံ့ပိုးပေးနိုင်ရပါမယ်။ တပ်ဆင်တဲ့အခါ သက်တောင့်သက်သာရှိပြီး အကြမ်းလည်းခံ ၊ function လည်း သိပ်မရှုပ်တဲ့ဟာမျိုးမှသာ ကလေးကို စောင့်ရှောက်တဲ့သူက အလွယ်တကူဂရုစိုက်ပေးလို့ရမှာပါ။တစ်ချို့သော နားကြားကိရိယာ ထုတ်လုပ်သူတွေက ကလေးအတွက်သီးသန့်ထုတ်တဲ့နားကြားကိရိယာတွေ ရှိတတ်ပါတယ်။ ဥပမာ - Phonak’s SKY and GN Resound’s UP SMART.
ကလေးတွေရဲ့ နားဟာလည်း ကလေးအသက်ကြီးလာတာနဲ့ အမျှ အရွယ်အစား ကြီးလာတာဖြစ်လို့နားနောက်မှာ တပ်ဆင်တဲ့ နားကြားကိရိယာ (BTE) နဲ့ ဖြုတ်တပ်လို့ရတဲ့ နားပုံစံတု ကို တွဲဖက်သုံးသင့်ပါတယ်။ ဒါမှ ကလေးကြီးလာရင် ကိရိယာ နောက်တစ်ခု ထပ် ၀ယ်စရာမလိုပဲ နားပုံစံတုကို ပြောင်းလိုက်ရုံပါပဲ။