တစ်ယောက် နားပုံစံအမျိုးမျိုး ၊ ဖြစ်တဲ့ရောဂါလက္ခဏာအမျိုးမျိုး ၊ နားကြားစွမ်းရည်အမျိုးမျိုး ကွဲပြားတဲ့အပြင် ဈေးသက်သာတာမျိုး ၊ နေ့စဉ် နားထောင်တဲ့ ပါတ်ဝန်းကျင်အမျိုးမျိုး ကွဲပြားသွားတာကြောင့် နားကြားကိရိယာလည်း အမျိုးအစား အမျိုးမျိုး ကွဲပြားသွားပါတယ်။ ဖြစ်နေတဲ့အကြားအာရုံချို့တဲ့မှု့အဆင့် နဲ့ နေ့စဉ်နားထောင်ရမယ့် ပါတ်ဝန်းကျင်အကြောင်းကို အတွေ့အကြုံရှိတဲ့ နားစမ်းသပ်ချိန်ညှိပေးသူနဲ့ တိုင်ပင်ပြီး မိမိအတွက် သင့်တော်ရာကို ရွေးချယ်သင့်ပါတယ်။ နားကြားကိရိယာအမျိုးကွဲတွေအကြောင်း ပိုမိုဖတ်ရှု့ရန် ဤနေရာကို နှိပ်ပါ။ မိမိရဲ့ချစ်ခင်ရသူ မိသားစုဝင်တစ်ဦးဦးမှာ နားအကြားစွမ်းရည်လျော့တဲ့ ရောဂါရှိနေပြီလား။ နားသိပ်မကောင်းတဲ့ မိသားစုဝင်တစ်ဦးကို ပြုစုစောင့်ရှောက်ရတာ မည်မျှပင်ပန်းလဲ ကျွန်တော်တို့ သိပါတယ်။ ခဏခဏ ပြန်ပြန်ရှင်းပြနေရတာမျိုးတွေ ၊ တီဗီ ရေဒီယို အသံအကျယ်ကြီး ဖွင့်တာမျိုးတွေ ၊ အခြားသူတွေ ဘာပြောနေလဲ ထပ်ခါခါ ရှင်းပြရတာမျိုးတွေ ရှိတတ်ပါတယ်။ (ဤသို့သော အခက်အခဲတွေအတွက် သင်ချစ်ရသော မိသားစုဝင်အတွက် နားကြားကိရိယာ တပ်ပေးလိုက်ရုံဖြင့် ဖြေရှင်းလို့ရပါတယ်။)