နားထဲမှာ အသံတစ်ခု အမြဲကြားနေခြင်း

Tinnitus (နားအူခြင်း ) ကုသမှု့နည်းလမ်းများ

Tinnintus (နားအူခြင်း) အမျိုးမျိုး ရှိသလိုပဲ ကုသမှု့နည်းလမ်းလည်း အမျိုးမျိုးကွဲပြားပါတယ်။ အများအားဖြင့်အသံကုထုံး ၊ ဆေးသောက် ဆေးစားခြင်း ၊ မိမိရောဂါအခြေအနေအကြောင်း သိရှိနားလည်အောင် ရှင်းပြခြင်း တို့အားလုံးပေါင်းပြီး ကုသရပါတယ်။ဆေးသောက်ဆေးစား နဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု့မလိုတဲ့အချို့သော အခြေအနေမှာ အောက်ပါနည်းလမ်းနဲ့ ကုသလေ့ရှိပါတယ်။

အသံကုထုံး

အသံတစ်ခုခုကို တချိန်လုံး ကြားနေစေသော နားကြားကိရိယာ တပ်ဆင်ခြင်းဖြင့် ဖြစ်နေသော နားအူခြင်း (Tinnitus) အသံကို မေ့သွားအောင်လုပ်ပြီး ပါတ်ဝန်းကျင်အသံများကို ပိုအာရုံစိုက်နိုင်အောင် ကုသနိုင်ပါသည်။(Sweetow & Henderson, 2010a).

 

ကိုးကား - Sweetow, R. W., & Henderson, S. J. (2010a). An overview of common procedures for the management of tinnitus patients. The Hearing Journal, 63(11), 11-15.

 

ရောဂါအခြေအနေအကြောင်း အသိပေးရှင်းပြ နားလည်စေခြင်းကုထုံး (Cognitive Behavioural Therapy)

 

မိမိလက်ရှိခံစားနေရတဲ့ ရောဂါအခြေအနေ ဇာစ်မြစ် ကို သိရှိနားလည် လက်ခံစေပြီး စိတ်ညစ်ငြူးစရာ ၊ စိတ်ဓာတ်ကျစရာမလိုပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှု့ ပြောင်းလဲမြှင့်တင်ပေးခြင်း ဖြင့် ကုသနိုင်ပါသည်။

 

Tinnitus နားအူခြင်း ကို စိတ်လွှဲနိုင်အောင် ကြိုးစားခြင်း

 

အသိပညာပေး ဆွေးနွေးခြင်း နှင့် အသံကုထုံး တို့ ပေါင်းစပ်ပြီး တချိန်လုံးကြားနေရသော အသံအပေါ် အာရုံလွှဲ စိတ်ညစ်ငြူးခြင်းမရှိအောင် ကုသနိုင်သည်။

 

အောက်ပါလင့်ခ် များတွင် ပိုမိုဖတ်ရှု့လေ့လာနိုင်သည်။