ဘယ်လိုအကူအညီရယူမလဲ

မိမိရဲ့ မိသားစုဝင်ကိုယ်တိုင်က အကြားအာရုံစွမ်းရည် လျော့နေကြောင်း သတိမထား /လက်မခံခြင်း

ဒါဆို မိမိ ချစ်ခင်ရသူကို ဘယ်လိုကူညီမလဲ ကြည့်ရအောင်..

ဥပမာ- သူကိုယ်တိုင်က အာရုံစိုက်နားထောင်မှ နည်းနည်းကြားရတာနဲ့ တီဗွီအကျယ်ကြီး ဖွင့်တာကို ပုံမှန်လို့ ထင်နေတာမျိုး

  • သူ့ကို ဘယ်လိုကူညီနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ဒီမှာ ဖတ်ရှု့ကြည့်ပါ။
  • သင် သူ့အတွက် စိုးရိမ်ကြောင်း နဲ့ သူကောင်းဖို့အတွက် စေတနာနဲ့ ပြုလုပ်ပေးတာမျိုး သူသိအောင် ရှင်းပြပါ။
  • ဘယ်လိုအခြေအနေမျိုးမှာ အာရုံစိုက်နားထောင်ရကြောင်း မေးပါ။ပြီးတော့ တခြားမိသားစုဝင်တွေကို ခေါ်ပြီး သူတို့ရော အာရုံပိုစိုက်ရလား ၊ ပုံမှန်နားထောင်လို့ရလား ကွဲကွဲပြားပြား မေးပြပါ။
  • နားစမ်းသပ်ဖို့အတွက် သူနဲ့အတူ အဖော်လိုက်ပြီး အားပေးပါ။
  • ဖြစ်နေတဲ့ မိသားစုဝင် ကိုယ်တိုင်က လက်မခံခြင်း

    ဥပမာ - ဖြစ်နေတဲ့သူကိုယ်တိုင်က တခြားသူတွေထက် ပိုအာရုံစိုက် နားထောင်နေရမှန်းသိတယ်။ဒါပေမယ့် နားလေးနေတယ်လို့ အပြောမခံသလို ဖြစ်နေတယ်လို့လည်း လက်မခံတာမျိုး

  • အကြားစွမ်းရည်လျော့လာတဲ့ လူတိုင်းလိုလို မိမိဖြစ်ကြောင်း အစပိုင်းမှာ လက်မခံတာမျိုးရှိတာကို နားလည်ထားပါ။ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းက တခြားသူတွေပြောသလိုမျိုး အသက်ကြီးရင် နားလေးသွားရော ဆိုတဲ့ မှားယွင်းတဲ့ အယူအဆမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • သင့်မိသားစုဝင်ဟာ တစ်ချို့သော အသံတွေ ကောင်းကောင်း ကြားရပါသေးတယ်။ဒါပေမယ့် မကြားရတာတွေလည်း ရှိလာပါတယ်။ ရိုးရိုးအသံကြားရတာနဲ့ အသံ/စကားသံ သဲသဲကွဲကွဲ ကြားရတာမတူကြောင်း သိထားသင့်ပါတယ်။
  • ဖစ်နိုင်ရင် ကျွန်တော်တို့ နားစမ်းသပ်ခန်းကို ခေါ်လာခဲ့ပါ။ ကျွန်တော်တို့ အဖွဲ့က သီးခြားဆွေးနွေး အကြံပြုခြင်းတွေ ပေးနိုင်အောင် သေချာလေ့ကျင့် ထားပါတယ်။အရေးကြီးတာက အချိန်ပေးခိုင်းပြီး တစ်ခေါက်ကနေ သုံးခေါက်လောက် လာပြီး လက်ခံအောင် ဆွေးနွေးရပါမယ်။
  • သင့်မိသားစုဝင်က သူ့အကြားအာရုံလျော့နေမှန်းတော့ သိတယ်။ဒါပေမယ့် သက်သာအောင် လုပ်ဖို့ ငြင်းဆန်နေတယ်။

    ဥပမာ - သူက နားကြပ်တပ်ပါလို့ အားလုံးက အကြံပေးရင်တောင် မတပ်ချင်တာမျိုး

  • သူ့ကို ခေါ်သွားပြီး နားကြားကိရိယာ အမျိုးအစား အစုံအလင် ပြပေးပါ။ နားကြားကိရိယာဆိုရင် အကြီးကြီး ၊ သူများမြင်ရင် ရှက်စရာကြီး ဆိုတဲ့ ရှေးရိုးစွဲကို ပျောက်အောင် ခေတ်မှီနားကြားကိရိယာ သေးသေးလေးတွေ ကို ပြပေးပါ။
  • အကယ်၍ ဈေးအရမ်းများနေမယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ ၀န်းကျင်နဲ့ ကိုယ့်အတွက် သင့်တော်တဲ့ နားကြားကိရိယာကို ရွေးချယ်ဖို့ ကျွမ်းကျင်သော နားအကြားအာရုံပညာရှင် နဲ့ တိုင်ပင်ပါ။
  • ဖစ်နေတဲ့အကြားစွမ်းရည်လျော့နည်းတဲ့ ရောဂါ ကုလိုက်ရင် ရမယ့် အကျိုးကျေးဇူး နဲ့ ဒီတိုင်းထားရင် ဖြစ်လာမယ့် အကျိုးဆက်ကို ရှင်းပြပါ။

  •        o ပြုတ်ကျနိုင်တဲ့ အန္တ ရာယ် https://jamanetwork.com/journals/jamaneurology/fullarticle/802291
           o စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှု့ http://journals.plos.org/plosone/article?id=10.1371/journal.pone.0119616
           o အသံဖြင့်မှတ်နိုင်စွမ်းရည် လျော့ကျလာခြင်း။ https://www.tandfonline.com/doi/abs/10.1080/02724980443000151

    အရေးကြီးဆုံးက ဒါမျိုး အကူအညီရှာပြီး သင့်မိသားစုဝင်ကို အဆင်ပြေအောင် လုပ်ပေးတာဟာ စေတနာ မေတ္တာအရင်းခံကြောင်း နဲ့ စိတ်ညစ်စိတ်ရှုပ်လို့ လုပ်ပေးတာ မဟုတ်မှန်း သူ နားလည်ပါစေ။